ငွေကြေးလိမ်လည်ခံရမှုဖြစ်စဥ်နှင့် စပ်လျဥ်း၍ အသိပညာပေး ဖြန့်ဝေစာ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
အကြောင်းကြားစာအရ
ငွေကြေးလိမ်လည်ခံရမှုဖြစ်စဥ်နှင့် စပ်လျဥ်း၍ အသိပညာပေး ဖြန့်ဝေစာ
အမှုတွဲ ဖြစ်စဥ်နမူနာ
- လူပုဂ္ဂိုလ်တစ်ဦးသည် ၂၀၀၁ ခုနှစ်မှ စတင်၍ Ni Ni Swe အမည်ဖြင့် Facebook သုံးစွဲခဲ့ရာ ၂-၈-၂၀၂၃ ရက်နေ့တွင် ခန့်ဝေမောင် (ခ) မောင်မောင်လွင် ဆိုသူမှ Online ပေါ်တွင် အစုရှယ်ယာများ ဝယ်ယူ စုဆောင်းခြင်း သို့မဟုတ် အတိုးနှုန်းနည်းနည်းဖြင့် ငွေချေးယူနိုင်ကြောင်း ဝင်ရောက်ပြောဆိုကြေညာခဲ့ပြီး ၎င်းတို့၏ ရုံးလိပ်စာမှာ ဇွဲထက်ရှယ်ယာ ကုမ္ပဏီလီမိတက်ရုံး (Zwe Htet)၊ (102 A) လမ်းကြား၊ (၆၂)လမ်း၊ တွတ်ပီကွေ့၊ မန္တလေး ဖြစ်ကြောင်း၊
- ၎င်း၏ မှတ်ပုံတင်ကိုလည်း ပြသခဲ့သဖြင့် မိမိစုဆောင်းထားရှိသော ငွေများအား အစုရှယ်ယာများ ဝယ်ယူ ရင်းနှီးရန် ရည်ရွယ်၍ ၎င်းတို့ ပေးပို့သည့် ဖုန်းနံပါတ်များသို့ Wave Money ဖြင့် မိမိ၏ မှတ်ပုံတင်ဖြင့် လည်းကောင်း၊ အခြားသူများ မှတ်ပုံတင်များဖြင့် လည်းကောင်း စုစုပေါင်း ကျပ်သိန်း (၉,၆၅၀) ကျော် အထိ အကြိမ်ကြိမ် လွှဲပြောင်းပေးခဲ့ပါကြောင်း၊
- မိမိ လွှဲပေးခဲ့သော ငွေများအား ပြန်လည်ထုတ်ပေးရန် တောင်းဆိုသော အခါတွင် ဘဏ်ငွေလွှဲပုံစံ အတုကို ပြသပြီး အဆိုပါငွေပမာဏကို ထုတ်ယူရန်အတွက် မိမိမှ ငွေထပ်မံလွှဲပေးရမည် ဖြစ်ကြောင်းသာ ပြောပြီး ၎င်းတို့ဘက်မှ ယခုအချိန်အထိ မည်သည့်ငွေမှ လွှဲပေးခြင်း မရှိခဲ့သဖြင့် ဆုံးရှုံးခဲ့သော ငွေများ ပြန်လည်ရရှိနိုင်ရေးနှင့် မိမိကဲ့သို့ အခြား မသိနားမလည်သူများ လိမ်ညာခံရ၍ ငွေကြေးဆုံးရှုံးမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် Online မှ အုပ်စုဖွဲ့ ငွေလိမ်လည်သူများနှင့် ကုမ္ပဏီများကို ဖေါ်ထုတ်၍ ထိရောက်စွာ အရေးယူ ပေးနိုင်ပါရန် အထောက်အထားများနှင့် အတူ တင်ပြတိုင်ကြားပါကြောင်း။