နိုင်ငံသားစိစစ်ရေးကတ်အတုဖြင့် ငွေစာရင်းဖွင့်လှစ်ခြင်း ပြုလုပ်ခဲ့သည့်ဖြစ်စဥ်နှင့် စပ်လျဥ်း၍ အသိပညာပေး ဖြန့်ဝေစာ



မြန်မာနိုင်ငံတော်ဗဟိုဘဏ်
အကြောင်းကြားစာအရ

နိုင်ငံသားစိစစ်ရေးကတ်အတုဖြင့် ငွေစာရင်းဖွင့်လှစ်ခြင်း ပြုလုပ်ခဲ့သည့်ဖြစ်စဥ်နှင့် စပ်လျဥ်း၍ အသိပညာပေး ဖြန့်ဝေစာ

 

ဖြစ်စဥ်နမူနာ

ဖြစ်စဥ်တွင်ဘဏ်တစ်ဘဏ်မှ သံသယဖြစ်ဖွယ် သတင်းပို့ချက်အဖြစ် ပေးပို့လာသော ချစ်မျိုးဦးနှင့် သက်နိုင်စိုး တို့သည် ထွန်းသက်ဝေ၏ မှတ်ပုံတင်အမှတ်များအား ပြုပြင်၍ အဆိုပါဘဏ် (*****ဘဏ်ခွဲ) တွင် ဘဏ်ငွေစာရင်း (၃) ခု၊ စွမ်းရည်ထက်မှ ၎င်း၏ မှတ်ပုံတင်အမှတ်အား ပြုပြင်၍ ငွေစာရင်း (၁) ခု ဖွင့်လှစ်ထားပြီး ၎င်းငွေစာရင်း များအား ချစ်မျိုးဦး၊ သက်နိုင်စိုးနှင့် စွမ်းရည်ထက် တို့ (၃) ဦးမှ လွှဲပြောင်း ဆောင်ရွက်ခဲ့သဖြင့် ဘဏ်မှ၎င်းတို့နှင့် ပတ်သက်၍ စိစစ်ခဲ့ပြီး ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေး အဖွဲ့သို့ သံသယဖြစ်ဖွယ် သတင်းပေးပို့ချက်အဖြစ် ပေးပို့ခဲ့ကြောင်း၊

ထွန်းသက်ဝေအမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ၈/ရစက(နိုင်)******၊ ၈/ရစက(နိုင်)******၊ ၈/ရစက(နိုင်)******၊ များဖြင့် အထက်ပါဘဏ်တွင် ငွေစာရင်းများ ဖွင့်လှစ်ခဲ့သူ၏ အမည်ရင်း အမှန်မှာ ချစ်မျိုးဦး၊ ၈/မမန(နိုင်)****** ဖြစ်ပြီး စွမ်းရည်ထက်သည် ၎င်း၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ၁၂/သဃက(နိုင်)****** အမှန်ဖြင့် အထက်ပါဘဏ်တွင် ငွေစာရင်း(၁)ခု၊ ၎င်း၏နိုင်ငံသားစိစစ်ရေးကတ် အမှတ်ရှိ နံပါတ်(၁)အား(၃)ဟု ပြင်ဆင်၍ ၁၂/သဃက(နိုင်)****** ဖြင့် ငွေစာရင်း(၁)ခု ဖွင့်လှစ်ခဲ့ကြောင်း၊

ထွန်းသက်‌ဝေအမည်ဖြင့် အသုံးပြုထားသောနိုင်ငံသားစိစစ်ရေးကတ် (၃)ကတ်တွင် ၈/ရစက(နိုင်)****** သည် ချမ်းပြည့်ကျော် (ဘ) ဦး*** ၊၈/ရစက(နိုင်)****** သည်ဟိန်းမင်းခန့်၊ (ဘ) ဦး***ဖြစ်ပြီး ၈/ရစက(နိုင်)****** သည်မိုးမိုးကျော် (ဘ) ဦး*** တို့၏ ကိုင်ဆောင်လက်မှတ်များ ဖြစ်၍ မှန်ကန်မှု မရှိကြောင်း၊

စွမ်းရည်ထက်အမည်ဖြင့် အသုံးပြုထားသော နိုင်ငံသားစိစစ်ရေးကတ် (၂) ကတ် တွင် ၁၂/သဃက(နိုင်)****** သည် စွမ်းရည်ထက် (ဘ) ဦး***၊ မွေးသက္ကရာဇ် ၁၀-၅-၂၀၀၅ ၏ ကိုင်ဆောင် လက်မှတ် အမှတ် ဖြစ်၍ မှန်ကန်မှုရှိပြီး ကျန်နိုင်ငံသားစိစစ်ရေးကတ် အမှတ်၊ ၁၂/သဃက(နိုင်)****** သည် သင်္ဃန်းကျွန်းမြို့နယ် တရားရုံး၏ အသုံးပြုပြီး အမြင့်ဆုံး နံပါတ်ထက် ကျော်လွန်နေသော နံပါတ်ဖြစ်၍ မှန်ကန်မှု မရှိကြောင်း။