AML/CFT/WMD ဆိုင်ရာလိုက်နာဆောင်ရွက်မှုများတိုးတက်ရေးအတွက် သင်တန်းပို့ချခြင်း
“AML/CFT/WMD ဆိုင်ရာလိုက်နာဆောင်ရွက်မှုများတိုးတက်ရေးအတွက် သင်တန်းပို့ချခြင်း” G Bank ဝန်ထမ်းများ အနေဖြင့် AML/CFT/WMD ဆိုင်ရာ လိုက်နာဆောင်ရွက်မှုတိုးတက်စေရေး အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာန နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ ကျွမ်းကျင်ပညာရှင်များအား ဘဏ်၏သင်တန်း ခန်းမသို့ဖိတ်ခေါ်ကာ သင်တန်းပို့ချခြင်း အစီအစဉ်တစ်ရပ်ကို ၂၇.၁.၂၀၂၄ (စနေနေ့) တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ နယ်ဘဏ်ခွဲဝန်ထမ်းများမှာ Online ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းတွင် ရုံးချုပ် ဌာနအသီးသီးနှင့် ဘဏ်ခွဲများအားလုံး၏တာဝန်ရှိဝန်ထမ်းများစုစုပေါင်း(၁၀၀)ခန့် ပါဝင်တက်ရောက်ကာ သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ ကျေးဇူးတင်ဂုဏ်ပြုလွှာ ပေးအပ်ခြင်း အစီအစဉ် များ ပြုလုပ်ခဲ့ကြသည်။ G Bank အနေဖြင့် ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြင့် တက်စေရန်နှင့် Customerများအား အကောင်းမွန်ဆုံးဝန်ဆောင်မှုများ ပေးအပ်နိုင်စေရန်ရည်ရွယ်ပြီး လိုအပ်သောသင်တန်းများအား အခါအားလျော်စွာ စီစဉ်ပို့ချပေးလျက်ရှိပါသည်။




