(+95) 1 368-364-0

ငွေပေးအမိန့်လုပ်ငန်း

ငွေပေးအမိန့်လက်မှတ်သည် ချက်လက်မှတ်အမျိုးအစားတခုဖြစ်ပြီး အစိုးရအဖွဲ့အစည်းများသို့ တင်ဒါငွေပေးချေခြင်း၊ အခွန်ငွေပေးဆောင်ခြင်း၊ လုပ်ငန်းရှင်အချင်းချင်း ငွေပေးချေခြင်းများတွင် ဘဏ်မှအာမခံအပြည့်အဝပေးသည့် ငွေပေးအမိန့်လက်မှတ်များကို ဝယ်ယူပေးချေနိုင်ပါသည်။ ဝန်ဆောင်ခမှာ ဝယ်ယူလိုသောငွေပမာဏပေါ်တွင် ၁ဝပြားနှုန်းဖြင့် ကောက်ခံပါသည်။ ဝယ်ယူလိုသော ငွေပမာဏပေါ်တွင် ၁ဝပြားနှုန်းဖြင့်တွက်ချက်ရသော ဝန်ဆောင်ခသည် တစ်ရာကျပ်အောက်ဖြစ်ပါက အနိမ့်ဆုံးဝန်ဆောင်ခမှာ တစ်ရာကျပ်ကောက်ခံပါမည်။ ဝယ်ယူလိုသောငွေပမာဏပေါ်တွင် ၁ဝပြားနှုန်းဖြင့်တွက်ချက်ရသော ဝန်ဆောင်ခသည် သုံးသောင်းကျပ်အထက်ဖြစ်ပါက အမြင့်ဆုံးဝန်ဆောင်ခ သုံးသောင်းကျပ်သာ ကောက်ခံပါမည်။ ငွေပေးအမိန့်လက်မှတ်၏ သက်တမ်းသည် ၆လဖြစ်ပြီး သက်တမ်းမပြည့်မီ သက်တမ်းတိုးလိုက တိုးနိုင်ပါသည်။ ငွေပေးအမိန့်လက်မှတ် ဝယ်ယူပြီး အသုံးမပြုဖြစ်ပါက ငွေသားထုတ်ယူခြင်း (သို့) စာရင်းသို့ ပြန်လည်ပြောင်းရွေ့နိုင်ပါသည်။

Close Menu
error: Content is protected !!