G Bank Myanmar
G Bank Mission
Core Value of G Bank

ဂုဏ်ထူးဆောင်
တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ ပထမဆုံး ဘဏ်ခွဲကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကီး မုံရွာမြို့၌ စတင်ဖွင့်လှစ် ခဲ့ပါသည်။   မြန်မာနိုင်ငံ၏ အဓိကအသက်သွေးကြော ဖြစ်သော လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးရေး နှင့် ဆက်စပ်ကဏ္ဍများကို အခြေပြု၍ ဘဏ်လုပ်ငန်းများဖွံ့ဖြိုးပြီး တိုင်းပြည် စီးပွားရေးကို အထောက်အကူပြုရန် ဖြစ်ပါသည်။ ဘဏ်ဝန်ဆောင်မှုများကို အများပြည်သူအားလုံး လက်လှမ်းမှီပြီး သုံးစွဲနိုင်ရန် နည်းပညာကို အခြေခံ၍ ဆန်းသစ်တီထွင်မှု၊ တာဝန်ခံမှု၊ တာဝန်ယူတတ်မှု၊ ကျင့်ဝတ် သိက္ခာရှိမှုများဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်းများ အတိုင်း ဟန်ချက်ညီညီ ဝန်ဆောင်မှုပေးသွားရန် ဖြစ်ပါသည်။

(၁)
ဟန်ချက်ညီမှု

ဘဏ်၊ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် တို့အကြား ဟန်ချက်ညီမျှစွာဖြင့် ဝန်ဆောင်မှုများ ပေးအပ်ပါမည်။

(၂) ခိုင်မာသောသံန္ဓိဌာန်ရှိမှု

ဘဏ်၏ကျင့်ဝတ်သိက္ခာနှင့်အညီ တိကျသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး ကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် အောင်မြင်အောင် ဆောင်ရွက်ရန် ဆုံးဖြတ်ထားရှိပါသည်။

(၃) တီထွင်ဆန်းသစ်မှု

နည်းပညာ တိုးတက်နေသော ခေတ်တွင် ဘဏ်၏ ဝန်ဆောင်မှုများကို အများပြည်သူ လက်လှမ်းမှီစေရန်၊ ခေတ်မှီနည်းပညာများကို အသုံးပြုပြီး တီထွင် ဆန်းသစ်မှုများဖြင့် ပြည်သူများထံသို့ ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးသွားရန် ဖြစ်ပါသည်။

လုပ်ငန်းအတွေ့အကြုံကြွယ်ဝကျွမ်းကျင်ခြင်းနှင့်
သာလွန်ကောင်းမွန်သော ဖေါက်သည်ဝန်ဆောင်မှုသည် ကျွန်ုပ်တို့၏ အမြုတေတန်ဖိုးများပင်ဖြစ်ပါသည်။ အရည်အသွေးနှင့်တည်ကြည်သစ္စာရှိမှုကို ဆောင်ကြဉ်းလာသော စွမ်းအားမြင့်မားသည့် အမှတ်တံဆိပ်အဖြစ်ဖန်တီးရန် ကျွန်ုပ်တို့ဆုံးဖြတ်ထားပါသည်။ ပထမဦးစားပေးလုပ်ငန်းသည် ဘဏ်တွင်ရင်းနှီးမြှုပ်နှံသူများနှင့် ဖောက်သည်များ၏ လိုအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရေးဖြစ်ပါသည်။ ယင်းအချက်ကို တည်ကြည်သစ္စာရှိမှု၊ လုပ်ငန်းအတွေ့အကြုံကြွယ်ဝကျွမ်းကျင်မှု၊ အကောင်းဆုံးဆောင်ရွက်ရန် အမြဲစိတ်အားထက်သန်နေမှု စသည်တို့ကို တန်ဖိုးထားသော ကျွန်ုပ်တို့၏ယဉ်ကျေးမှုနှုန်းစံတွင် တွေ့နိုင်ပါသည်။ ကျွန်ုပ်တို့ကို သမ္မာသတိရှိစွာ၊ ငွေရေးကြေးရေးစည်းမျဉ်းစည်းကမ်းတိကျစွာ၊ ရေရှည်အကျိုးကို မျှော်တွေးကာ လုပ်ငန်းများကို ဆောင်ရွက်လာစေပါသည်။ ထို့ပြင် ဖောက်သည်ယုံကြည်မှု နေ့စဉ်တိုးတက်ရေး ကြိုးစားရန် ရှင်းရှင်းလင်းလင်း သိမြင်နားလည်လာစေပါသည်။

ယခု ကျွန်ုပ်တို့ကို ဖုန်းခေါ်ဆိုလိုက်ပါ။
(+95)1 3683640
Sitemap