ငွေပေးအမိန့်လုပ်ငန်း
ငွေပေးအမိန့်သည် ချက်လက်မှတ်အမျိုးအစားတစ်ခုဖြစ်ပြီး ဘဏ်မှ အပြည့်အဝအာမခံပါသည်။ အစိုးရအဖွဲ့အစည်းများသို့ တင်ဒါငွေပေးချေခြင်း၊ အခွန်ငွေပေးဆောင်ခြင်း၊ လုပ်ငန်းရှင်အချင်းချင်း ငွေပေးချေခြင်းများတွင် ငွေပေးအမိန့်လက်မှတ်များကို ဝယ်ယူပေးချေနိုင်ပါသည်။
- ဝန်ဆောင်ခ – ငွေကျပ် တစ်ရာလျှင် (၁၀)ပြားနှုန်း (သို့) ၀.၁%
- အနိမ့်ဆုံးဝန်ဆောင်ခ – (၁၀၀)ကျပ်
- အမြင့်ဆုံးဝန်ဆောင်ခ – (၃၀,၀၀၀)ကျပ်
- သက်တမ်း – (၆)လ ဖြစ်ပြီး သက်တမ်းမပြည့်မီ သက်တမ်းတိုးလိုက တိုးနိုင်ပါသည်
- ငွေပေးအမိန့်လက်မှတ် ဝယ်ယူပြီးအသုံးမပြုဖြစ်ပါက ငွေသားထုတ်ယူခြင်း (သို့) ငွေစာရင်းသို့ ပြန်လည်ပြောင်းရွှေ့နိုင်ပါသည်။
- ဘဏ်ငွေစာရင်းရှိစရာမလို အလွယ်တကူ ဝယ်ယူနိုင်ပါသည်။