စာရင်းရှင်စာရင်း
နေ့စဉ် ငွေကြေး ပမာဏ အများ အပြား ငွေပေး ငွေယူ လုပ်နေရသော စီးပွားရေး လုပ်ငန်းရှင်များ၊ စီးပွားရေး လုပ်ငန်းများအတွက် သင့်တော်သော စာရင်းအမျိုးအစားဖြစ်ပြီး ချက်လက်မှတ်ကို အသုံးပြု၍ လွယ်ကူချောမွေ့ လျှင်မြန်စွာ ငွေးပေးချေမှု ပြုလုပ်နိုင်ပါသည်။ ငွေပမာဏ ကန့်သတ်ချက် မရှိ ငွေထုတ်နိုင်ပါသည်။
အသက် (၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် (သို့) ပတ်စ်ပို့ ကိုင်ဆောင်ထားသူ မည်သူမဆို စာရင်းဖွင့်နိုင်သည်။ မှတ်ပုံတင်ထားသော ကုမ္ပဏီများသည်လည်း ကုမ္ပဏီစာရင်း ဖွင့်လှစ်နိုင်သည်။
- လိုအပ်ချက်များ (တဦးချင်းအပ်ငွေစာရင်း / တွဲဖက်အပ်ငွေစာရင်း)
-
- မှတ်ပုံတင် မူရင်း/မိတ္တူ
- အမြဲတမ်း နေရပ်လိပ်စာ
- အလုပ်အကိုင်
- ဖုန်းနံပါတ်
- ဘဏ်တွင် ဘဏ်စာရင်းဖွင့်လှစ်ပြီးထားသော Customer (၂)ဦး၏ ထောက်ခံချက် (Name, Bank Acc Number & Signature)
- လိုအပ်ချက်များ (ကုမ္ပဏီအပ်ငွေစာရင်း / အသင်းအဖွဲ့အပ်ငွေစာရင်း)
- Company Letterhead နှင့် စာရင်းဖွင့်လှစ်ခွင့်ပြုပါရန် လျှောက်လွှာ
- Company Letterhead ပါအစည်းအဝေးမှတ်တမ်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်
- ကုမ္ပဏီ မှတ်ပုံတင်လက်မှတ် မူရင်း/မိတ္တူ
- ကုမ္ပဏီ ရှယ်ယာရှင်စာရင်း
- ဘဏ်တွင် ဘဏ်စာရင်းဖွင့်လှစ်ပြီးထားသော Customer (၂)ဦး၏ ထောက်ခံချက်
- ကုမ္ပဏီအစည်းအဝေးဆုံးဖြတ်ချက်တွင် ဆုံးဖြတ်သတ်မှတ်ထားသော ငွေထုတ်မည့် သူ၏ မှတ်ပုံတင် မူရင်း/မိတ္တူ
- စာရင်းအမျိုးအစားများ
- တစ်ဦးချင်းအပ်ငွေစာရင်း
- တွဲဖက်အပ်ငွေစာရင်း
- ကုမ္ပဏီအပ်ငွေစာရင်း
- အသင်းအဖွဲ့အပ်ငွေစာရင်း
- ချက်စာအုပ်
- ငွေသွင်း/ငွေထုတ် ကန့်သတ်ချက်မရှိ
- ဘဏ်စာရင်းရှင်းတမ်း တောင်းယူနိုင်ခြင်း
- ကနဦးအပ်နှံငွေ – ၁၀,၀၀၀ ကျပ်
- အနည်းဆုံးလက်ကျန်ငွေ – ၁,၀၀၀ ကျပ်
- မည်သည့်ဘဏ်ခွဲတွင်မဆို ငွေသွင်း/ငွေထုတ်/ငွေလွှဲ ချောမွေ့မြန်ဆန်စွာ ဆောင်ရွက်နိုင်ခြင်း
- ငွေသားကိုင်စရာမလို ချက်လက်မှတ်အသုံးပြု၍ ငွေပေးချေမှုများကို လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်နိုင်ခြင်း
- ငွေပေးချေရာတွင် ငွေရေတွက်စရာမလိုသဖြင့် အချိန်ကုန်သက်သာခြင်း
- ငွေစုဘဏ်စာရင်းနှင့်ချိတ်ဆက်ထားနိုင်သဖြင့် အသုံးပြုရန်မလိုအပ်သေးသော ငွေများကို ငွေစုဘဏ်စာရင်းထဲထည့်ထားနိုင်၍ အတိုးရရှိခြင်း