AML/CFT/WMD and Awareness on CBM Onsite Inspection Training ကျင်းပခြင်း



G Bank ဝန်ထမ်းများ အနေဖြင့် AML/CFT/WMD ဆိုင်ရာ လိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များ အပေါ်  ပိုမို သိရှိ နားလည်စေရန် ရည်ရွယ်ပြီး AML/CFT/WMD and Awareness on CBM Onsite Inspection Training ကို G Bank ရုံးချုပ်တွင် (၂၀.၁၂.၂၀၂၂)ရက် ၌ ကျင်းပ ပြုလုပ်ခဲ့ ပါသည်။ အဆိုပါ သင်တန်းတွင် ရုံးချုပ်ဌာန အသီးသီးမှ တာဝန်ရှိသူများနှင့် ဘဏ်ခွဲများ အားလုံး၏ ဝန်ထမ်းများ ပါဝင် တက်ရောက်ခဲ့ပြီး အထွေထွေ မန်နေဂျာ ဦးအတာလတ် (Head of Legal & Compliance) မှ AML/CFT/WMD ဆိုင်ရာ လိုက်နာ ဆောင်ရွက် ရန်များကို ဆွေးနွေး ပို့ချခဲ့ပါသည်။ G Bank အနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်တက်စေရန်နှင့် Customer များအား အကောင်းမွန်ဆုံးသော ဝန်ဆောင်မှု ပေးအပ်နိုင်စေရန် ရည်ရွယ်ပြီး အခါ အားလျော်စွာ သင်တန်းများ စီစဉ် ပို့ချပေးလျက် ရှိပါသည်။