COVID -19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေးအတွက် ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း



G•Bank သည် အများပြည်သူများ COVID -19 ရောဂါကူးစက်မှုလျော့ကျ ပျောက်ကင်းစေရန် ရည်ရွယ်၍ ဒုတိယအကြိမ်မြောက်လှူဒါန်းမှုဖြစ်သည့် ကျပ်သိန်း(၅၀)တန်ဖိုးရှိသော ဆေးပစ္စည်းများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ယနေ့ (၂၈-၄-၂၀၂၀) ရက်နေ့တွင် ပေးအပ်လှူဒါန်းခဲ့ပါသည်။
ယင်းလှူဒါန်းထားသော ဆေးပစ္စည်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လိုအပ်သည့် နေရာများသို့ ဖြန့်ခွဲပေးပို့ သုံးစွဲသွားမည်ဖြစ်ပါကြောင်း လေးစားရသော Customer များသို့ အသိပေးအပ်ပါသည်။