ပရီမီယမ် စာရင်းရှင် အကောင့်

နေ့စဉ် ငွေကြေး ပမာဏ အများအပြား ငွေပေး ငွေယူ လုပ်နေ ရသော စီးပွားရေး လုပ်ငန်းရှင်များ၊ စီးပွားရေး လုပ်ငန်းများ အတွက် သင့်တော်သော စာရင်း အမျိုးအစား ဖြစ်ပြီး ချက်လက်မှတ်ကို အသုံးပြု၍ လွယ်ကူ ချောမွေ့ လျှင်မြန်စွာ ငွေပေးချေမှု ပြုလုပ် နိုင်ပါသည်။ ငွေပမာဏ ကန့်သတ်ချက် မရှိ ငွေထုတ် နိုင်ပါသည်။

အသက် (၁၈)နှစ် ပြည့်ပြီး မှတ်ပုံတင် (သို့) ပတ်စ်ပို့ ကိုင်ဆောင်ထားသူ မည်သူမဆို  စာရင်း ဖွင့်နိုင် ပါသည်။ မှတ်ပုံတင် ထားသော ကုမ္ပဏီများ သည်လည်း ကုမ္ပဏီ စာရင်း ဖွင့်လှစ် နိုင်ပါသည်။

 

လိုအပ်ချက်များ (တဦးချင်း အပ်ငွေ စာရင်း / တွဲဖက် အပ်ငွေ စာရင်း)

 

မှတ်ပုံတင် မူရင်း/မိတ္တူ

အမြဲတမ်း နေရပ်လိပ်စာ

အလုပ်အကိုင်

ဖုန်းနံပါတ်

ဘဏ်တွင် ဘဏ်စာရင်း ဖွင့်လှစ်ပြီး ထားသော Customer (၂) ဦး၏ ထောက်ခံချက် (Name, Bank Acc Number & Signature)

 

လိုအပ်ချက်များ (ကုမ္ပဏီ အပ်ငွေ စာရင်း / အသင်းအဖွဲ့ အပ်ငွေ စာရင်း)

 

Company Letterhead နှင့် စာရင်း ဖွင့်လှစ် ခွင့်ပြုပါရန် လျှောက်လွှာ

Company Letterhead ပါအစည်းအဝေး မှတ်တမ်းနှင့် အစည်းအဝေး ဆုံးဖြတ်ချက်

ကုမ္ပဏီ မှတ်ပုံတင် လက်မှတ် မူရင်း/မိတ္တူ

ကုမ္ပဏီ ရှယ်ယာရှင်စာရင်း

ဘဏ်တွင် ဘဏ်စာရင်း ဖွင့်လှစ်ပြီး ထားသော Customer (၂) ဦး၏ ထောက်ခံချက်

ကုမ္ပဏီ အစည်းအဝေး ဆုံးဖြတ်ချက်တွင် ဆုံးဖြတ် သတ်မှတ် ထားသော ငွေထုတ်မည့် သူ၏ မှတ်ပုံတင် မူရင်း/မိတ္တူ

ကနဦး အပ်နှံငွေ – ၁၀,၀၀၀ ကျပ်

အနည်းဆုံး လက်ကျန်ငွေ – ၁,၀၀၀ ကျပ်

ချက်စာအုပ် ရရှိခြင်း။

တစ်ဦးချင်းအပ် ငွေစာရင်း ဖွင့်နိုင်ခြင်း။

တွဲဖက်အပ်ငွေ စာရင်း ဖွင့်နိုင်ခြင်း။

ကုမ္ပဏီအပ်ငွေ စာရင်း ဖွင့်နိုင်ခြင်း။

အသင်းအဖွဲ့အပ်ငွေ စာရင်း ဖွင့်နိုင်ခြင်း။

ငွေသွင်း/ ငွေထုတ် ကန့်သတ်ချက် မရှိခြင်း။

ဘဏ်စာရင်း ရှင်းတမ်း တောင်းယူ နိုင်ခြင်း။

အပ်နှံထားသည့် ငွေသားများကို အချိန်မရွေး အကန့်အသတ် မရှိ ပြန်လည် ထုတ်ယူ နိုင်ခြင်း။

Mobile Banking / Internet Banking တို့ဖြင့် ချိတ်ဆက် အသုံးပြု နိုင်ခြင်း။

မည်သည့် G Bank ဘဏ်ခွဲတွင် မဆို ငွေသွင်း/ ငွေထုတ်/ ငွေလွှဲ ချောမွေ့ မြန်ဆန်စွာ ဆောင်ရွက် နိုင်ခြင်း။

ငွေသား ကိုင်စရာမလို ချက်လက်မှတ် အသုံးပြု၍ ငွေပေးချေမှု များကို လွယ်ကူ လျှင်မြန်စွာ ဆောင်ရွက် နိုင်ခြင်း။

ငွေပေးချေ ရာတွင် ငွေ ရေတွက်စရာ မလိုသဖြင့် အချိန်ကုန် သက်သာခြင်း။

ငွေစုဘဏ် စာရင်းနှင့် ချိတ်ဆက် ထားနိုင် သဖြင့် အသုံးပြုရန် မလိုအပ် သေးသော ငွေများကို ငွေစုဘဏ် စာရင်းထဲ ထည့်ထားနိုင်၍ အတိုး ရရှိခြင်း။

ယခု ကျွန်ုပ်တို့ကို ဖုန်းခေါ်ဆိုလိုက်ပါ။
(+95)1 3683640
Sitemap