ပရီမီယမ် စာရင်းသေ အပ်ငွေစာရင်း
ငွေပို ငွေလျှံ များကို ကာလ အပိုင်း အခြား တခု သတ်မှတ်ပြီး စုဆောင်း ထားလို သူများ အတွက် စာရင်းသေ အပ်ငွေ စာရင်းသည် အသင့်တော်ဆုံး ဖြစ်ပါသည်။
၎င်းငွေစာရင်း အမျိုးအစားသည် အခြားသော အပ်ငွေ စာရင်း အမျိုးအစား များထက် မြင့်မားသော အတိုးကို ရရှိစေ ပါသည်။ စာရင်းသေ အပ်ငွေ အပ်နှံသည့် သက်တမ်း မပြည့်မီ ငွေသား ပြန်လည် ထုတ်ယူ လိုပါက အနီးစပ်ဆုံး နေ့ရောက်ပြီး သက်တမ်း၏ အတိုးနှုန်း အတိုင်း အတိုး ရရှိ ခံစားခွင့် ရှိပါသည်။
အသက် (၁၈)နှစ် ပြည့်ပြီး မှတ်ပုံတင် (သို့) ပတ်စ်ပို့ ကိုင်ဆောင်ထားသူ မည်သူမဆို စာရင်းဖွင့် နိုင်သည်။
အပ်နှံထားသည့် ငွေသားများကို အချိန်မရွေး အကန့်အသတ် မရှိ ပြန်လည် ထုတ်ယူ နိုင်ခြင်း။
စာရင်းရှင် စာရင်းဖြင့် ချိတ်ဆက် ထားနိုင် သဖြင့် ချက်လက်မှတ် အသုံးပြု၍ လွယ်ကူစွာ ငွေထုတ် နိုင်ခြင်း။
ပိုလျှံငွေ အတွက် ကာလ ကြာရှည် စုဆောင်းခြင်းဖြင့် မြင့်မားသော အတိုး ရရှိခြင်း။
သက်တမ်း မပြည့်မီ ငွေသား ပြန်လည် ထုတ်ယူ လိုပါက အနီးစပ်ဆုံးနေ့ ရောက်ပြီး သက်တမ်း၏ အတိုးနှုန်း အတိုင်း အတိုး ရရှိ ခံစားခွင့် ရှိခြင်း။
မည်သည့် ဘဏ်ခွဲတွင် မဆို ငွေသွင်း/ငွေထုတ် ပြုလုပ် နိုင်ခြင်း။
ကနဦး အပ်နှံငွေ – ၁၀၀,၀၀၀ ကျပ်
ငွေစု လက်မှတ် ရရှိပါမည်။
အတိုးနှုန်းများ အားလုံးသည် တစ်နှစ်ပေါ်တွင် အခြေခံသည့် အတိုးနှုန်းများ ဖြစ်ပါသည်။
အတိုး တွက်ချက်ပုံ – စာရင်းဖွင့် ထားသော သက်တမ်း အလိုက် အတိုးနှုန်းဖြင့် တွက်ချက် ပေးပါသည်။
အတိုးငွေ ထုတ်ပေးချိန် – သက်တမ်း ပြည့်သော နေ့တွင် အတိုး ရရှိငွေ ထုတ်ပေးပါသည်။
| TERM | INTEREST RATE |
| 30 Days | 11.20% |
| 90 Days (Less than 500 Million) | 11.40% |
| 90 Days (500 Million and above) | 11.45% |
| 180 Days | 11.60% |
| 270 Days | 11.80% |
| 365 Days | 12% |
| 15 Months | 13% |