ပရိမီယမ် ငွေစုဘဏ် အပ်ငွေစာရင်း
ငွေပို ငွေလျှံ ရှိပြီး ငွေစုဆောင်း လိုသူများ အတွက် ပိုမို သင့်တော် ပါသည်။ ငွေစုဘဏ် အပ်ငွေ စာရင်း ဖွင့်ထားခြင်း အားဖြင့် လစဥ် အတိုး ရရှိပါမည်။ အသက် (၁၈)နှစ် ပြည့်ပြီး မှတ်ပုံတင် (သို့) ပတ်စ်ပို့ ကိုင်ဆောင် ထားသူ မည်သူ မဆို စာရင်းဖွင့် နိုင်ပါသည်။
အတိုးနှုန်း – တနှစ်လျှင် ၁၀%
ကနဦးအပ်နှံငွေ – ၁၀,၀၀၀ ကျပ်
အနည်းဆုံးလက်ကျန်ငွေ – ၁,၀၀၀ ကျပ်
ငွေစုဘဏ်စာအုပ် ရရှိပါမည်။
အတိုး တွက်ချက်ပုံ – လစဉ် လဆန်း(၅)ရက်မှ လကုန် ရက်အတွင်း အနည်းဆုံး လက်ကျန်ငွေ ပေါ်တွင် တွက်ချက် ပါသည်။
အတိုးငွေ ထုတ်ပေးချိန် –လစဥ် အတိုး ရရှိငွေကို ထုတ်ပေး ပါသည်။
အပ်နှံထားသည့် ငွေသားများကို အချိန်မရွေး အကန့်အသတ်မရှိ ပြန်လည် ထုတ်ယူ နိုင်ခြင်း။
Mobile Banking / Internet Banking တို့ဖြင့် ချိတ်ဆက် အသုံးပြု နိုင်ခြင်း။
စာရင်းရှင် စာရင်းဖြင့် ချိတ်ဆက် ထားနိုင်သဖြင့် ချက်လက်မှတ် အသုံးပြု၍ လွယ်ကူစွာ ငွေထုတ် နိုင်ခြင်း။
ပိုလျှံငွေ အတွက် အတိုး ရရှိခြင်း။
မည်သည့် G Bank ဘဏ်ခွဲတွင် မဆို ငွေသွင်း/ ငွေထုတ် ပြုလုပ် နိုင်ခြင်း။