တာချီလိတ်ဘဏ်ခွဲဖွင့်လှစ်ခြင်း



Gbank ၏ (၁၃)ဘဏ်မြောက် ဘဏ်ခွဲဖြစ်သော တာချီလိတ်ဘဏ်ခွဲကို 21st Jan, 2021 နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်ကာလ စည်းကမ်းသတ်မှတ် လမ်းညွှန်ချက်များနှင့်အညီ အဆင်ပြေစွာဖွင့်လှစ်ခဲ့ပြီး ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲနှင့် အခြားဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများကို နွေးထွေးပျူငှာစွာဖြင့် ဆောင်ရွက်‌ပေးနေပြီ ဖြစ်ပါကြောင်း ချစ်ခင်လေးစားရပါသော Customer များသို့ သတင်းကောင်းပါးအပ်ပါသည်။
တာချီလိတ် ဘဏ်ခွဲ ဖွင့်လှစ်သည့် အထိမ်းအမှတ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကုန် အထိ သက်တမ်း (၁)နှစ် လာရောက်အပ်နှံသော Fix Deposit A/C များကို အများဆုံးအတိုးနှုန်း 8.5% ဖြင့်တွက်ချက်ပေးမည် ဖြစ်ပါကြောင်းလည်း ထပ်ဆင့်သတင်းကောင်းပါးအပ်ပါသည်။